Wednesday 19 June 2013
မြန်မာ့အမျိုးသမီးကောင်း
သူကဘယ်သူလို့ ထင်ပါသလဲခင်ဗျာ....... မြန်မာ့သမီးကောင်း ဆိုတဲ့အတွက် မြန်မာမိန်းကလေးတွေပဲ ရှိရမယ်ဆိုတာမှန်ပါတယ်..... ပညာပေးချင်တာလေးရှိလို့ ဖော်ပြလိုက်တာပါ....... သူကတော့ ရုရှားမလေးတစ်ယောက်ပါ..... ရုရှားနိုင်ငံ မြန်မာသံရုံးမှာ အလုပ်လုပ်ပါတယ်..... မြန်မာဘာသာနဲ့ ဘွဲ့ရထားပါတယ်...... သူရဲ့နေပုံ၊ ထိုင်ပုံအများစုဟာ မြန်မာ့ရိုးရာ ပုံစံလေးတွေများပါတယ်..... မြန်မာစကားကို ကောင်းကောင်းပြောတက်ပါတယ်.... လေ့လာကြည့်ပါ..... ကျွန်တော်တို့ကတော့လေးစားရပါတယ်..... ဘာဖြစ်လို့လဲ မြန်မာစာကို သင်ပြီး မြန်မာ့ယဉ်ကျေးမှုတွေကို မြတ်နိုးသွားတဲ့ ရုရှားသူတစ်ယောက်ဖြစ်လို့ပါ.... မြန်မာမိန်းကလေးများ အတုယူနိုင်ကြပါစေ....... ပရိသတ်ကြီးလဲ သူ့အတွက်ဂုဏ်ယူတယ်ဆိုရင် like လုပ်ပြီး ဂုဏ်ယူတဲ့စာလေးရေးခဲ့စေချင်ပါတယ်မြန်မာ့အမျိုးသမီးကောင်း   
Tuesday 21 May 2013
ဒီလို့အလှလေးတွေဒို့ဒေသမှာရှိတယ်မိတ်ဆွေ
ကျောက်ပန်းတောင် ဆေးရုံမှ အကျင့်ပျက်ဝန်ထမ်းများအား တိုင်းကြားသူတွေ နယ်ပြောင်းခံရ
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံမှ အကျင့်ပျက်ဝန်ထမ်းများအား
တိုင်ကြားခြင်းနှင့်ပတ်သက်၍တိုင်ကြားသူ အပါအဝင် မှန်ကန်စွာ ထွက်ဆိုခဲ့သော
ဝန်ထမ်းများအားပြောင်းရွှေ့တာဝန်ချထားလိုက်ပါသည်။
ဒေသခံပြည်သူလူထု စရိတ်သက်သာ စေရန်ရည်ရွယ်၍ စရိတ်မျှပေး ကျန်းမာရေး
ဆေးအရောင်းဆိုင်အား ဆေးရုံဝန်းအတွင်း ရောင်းချလျှက်ရှိရာ မြို့နယ်ဆရာဝန်
ဒေါက်တာယုဝေ လက်ထက်တွင်ဆေးနှင့်ဆေးပစ္စည်းများအား တိုက်ရိုက်မှာယူ၍
ဆေးရုံရှိ စရိတ်မျှပေး ကျန်းမာရေး ဆေးဆိုင်တွင်ဝန်ထမ်းသက်သာ
အတွက်နောက်ထပ် 15% အမြတ်တင်ကာရောင်းချခြင်းမြို့နယ်ဆရာဝန်ကြီးသည်
 မွေးစာရင်း တစ်ဆောင်လျှင် ၁၅၀၀ ကျပ်နှုန်းတောင်းခံစေပြီး ၄င်းထံအပ်နှံစေခြင်း။
နိုင်ငံတော်မှအခမဲ့ထောက်ပံ့ဆေးများအားဆေးအရောင်းဆိုင်မှ
ဒေါ်ခင်မျိုးတင့်အားငွေကြေးဖြင့် ရောင်းချစေကာရရှိငွေကို ၄င်းထံအပ်နှံစေခြင်း။
နေအိမ်ဆေးခန်းတွင် သွေးသွင်းကုသခွင့်မရှိပဲ ကုသမှု့များပြုလုပ်နေခြင်း။
PMCT progect မှ ကိုယ်ဝန်ဆောင်မိခင်များအား HIV အခမဲ့
စစ်ဆေးရန်ပြည်သူ့ဆေးရုံဓါတ်ခွဲခန်းတွင် လှူဒါန်းထားသော်လည်း မြို့နယ်
ဆရာဝန်သည် မသိနားမလည်သော ဒေသခံ ကိုယ်ဝန်ဆောင်မိခင်များ
အား၎င်း၏နေအိမ်တွင် တစ်ခါသုံးများနှင့် စစ်ဆေး၍ ငွေတောင်းခံနေခြင်း။
အထက်ပါဖေါ်ပြထားသည့်ကိစ္စရပ်များအပြင် အလားတူကိစ္စရပ်များ  အားတိုင်ကြားခဲ့ရာ
27.8.2011 နေ့တွင် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာခင်မောင်ထွန်း။
ဒေါက်တာကျော်ကျော်နှင့် ညောင်ဦးခရိုင်ဆရာဝန်တို့ (၃)ဦးစုံစမ်းစစ်ဆေးမှု့များပြုလုပ်
ရာတွင် အရေးယူဆောင်ရွက်မှု့မရှိသဖြင့်  ဒုတိယအကြိမ်ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဖေသက်ခင်ထံ ထပ်မံ အစီရင်ခံတင်ပြခဲ့ရာကျန်းမာရေး
ဦးစီးဌာနမှ ဒေါက်တာဒေါ်စန်းမြင့်။ဒေါက်တာ ဒေါ်သီရိနွယ်။ဒေါက်တာဒေါ်သန်းသန်းမြင့်တို့မှ
18.11.2011 နေ့တွင်ပြည်သူ့ဆေးရုံဝန်ထမ်းများအား လာရောက်စစ်ဆေးပါသည်။
ဒေသခံပြည်သူလူထုအတွက် အဖြစ်မှန်များကိုတင်ပြခဲ့သော ဝန်ထမ်းတစ်ဦးဖြစ်သူ
ဦသိန်းလွင်အား ပုံကြီးချဲ့၍ တိုင်ကြားခြင်းဖြစ်သည်ဟု သုံးသပ်ကာ
ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခြင်း။မြို့နယ်ဆရာဝန်၏ခိုင်းစေချက်အရ
 မွေးစားရင်းများအား ၁ စောင်လျှင် ၁၅၀၀ကျပ်နုန်းကောက်ခံစေကာ ၄င်းထံအပ်နှံစေခြင်း
 အငယ်တန်းစာရေးဒေါ်စန်းစန်းအား စရိတ်မျှပေးကျန်းမာရေးမှ နိုင်ငံတော်အတွက်
 ပေးသွင်းရမည်းငွေများကိုလစဉ်ပုံမှန် ပေးသွင်းခဲ့သော်လည်း ပေးသွင်းခြင်းမရှိဟု
အကြောင်းပြကာပြောင်းရွှေ့တာဝန်ထမ်း ဆောင်စေခြင်း။ဝန်ထမ်းအင်အားလိုအပ်ချက်အရ
 သူနာပြုဆရာမ ၅ ဦးအား ပူးတွဲတာဝန်ထမ်းဆောင်နေရာမှ စစ်ဆေးရေးအဖွဲ့အား
 မှန်ကန်စွာ ထွက်ဆိုခဲ့သောကြောင့် ထို ဆရာမ ၅ဦးအားမြို့နယ်ဆရာဝန်ကြီး
၏ တဖက်သက်ပြောကြားချက်အရ မိခင်ဌာနသို့ပြန်လည်ပြောင်းရွှေ့စေခြင်းများပြုလုပ်ခဲ့ပါသည်။
 ဒေသခံပြည်သူလူထုနှင့်လက်ရှိတာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏
ယုံကြည်မှု့ကို အလွဲသုံးစားပြုကာ ၄င်းတို့ ကိုယ်ကြိုးအတွက်လုပ်ကိုင်နေသော
ဒေါက်တာယုဝေအား ရာထူတိုးမြှင့် ပြောင်းရွှေ့စေခြင်း။စာရေး စိုးရွှေအား
လက်ရှိရာထူးဖြင့် ပင် ပြောင်းရွှေ့စေခဲ့သော်လည်း ၄င်းတို့ အပေါင်းပါများဖြစ်သော
 အငယ်တန်းစာရေးဒေါ်ခင်ထားကြည်။ ဆေးအေ၇ာင်းဆိုင်မှဒေါ်ခင်မျိုးတင့်။
ဒေါ်ခင်မြတ်သန့်။ဒေါ်မြင့်မြင့်စန်းနှင့်ဒေါ်အေးသန္တာတို့အား အရေးယူ အပြစ်ပေးမရှိခြင်းများ
မရှိပဲ...ဒေသခံပြည်သူလူထု အတွက်မှန်ကန်စွာ တိုင်ကြားခဲ့သော ဝန်ထမ်းနှင့် မှန်ကန်စွာ
ထွက်ဆိုခဲ့သောဝန်ထမ်းများအား ယခုကဲ့ သို့ ပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့ ခြင်းမှာ
အပြစ်ပေးအရေးယူသည့်ပုံစံမျိုးဖြစ်နေသည့်အတွက် နောင်တွင် ပြည်သူ
လူထု အကျိုးအတွက် တင်ပြဝံ့စရာ မရှိတော့ပါသဖြင့် သက်ဆိုင်ရာ
တာဝန်ရှိလူကြီးမင်းများ အနေဖြင့် ထိုကဲ့သို့သော အလားတူကိစ္စများအား မှန်ကန်သော
နည်းလမ်းဖြင့်တရားဥပဒေစိုးမိုးရေးကို ပြည်သူလူထု အကျိုးအတွက် ထိရောက်စွာ
 စစ်ဆေးမှု့များ ပြုလုပ်သင့်ပါသည်။ဒီနေရာမကူးယူဖော်ပြသည်
ကျောက်ပန်းတောင်းခင်စိုးဦး သီးချင်းလေးပါ
Tuesday 5 March 2013
လျှပ်စစ်မီး သွယ်တန်းရာမှ ကျောက်ပန်းတောင်း မြို့နယ်တွင် ပဋိပက္ခဖြစ်ပွား
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ်နှစ်ကျပ် ခွဲကျေးရွာတွင် လျှပ်မီးလင်းရေး အတွက် လျှပ် စစ် ၀န်ကြီးဌာနမှ လျှပ်စစ်သွယ်တန်းရာတွင် ယခင် က ကိုယ်ထူကိုယ်ထငွေအကုန်ခံ ပြီး ပြုလုပ်ထား သည့် လျှပ်စစ်ဓာတ် ကြိုးများ ကျေးရွာသားတို့၏ခွင်ပြု ချက်မယူပဲအတင်းအဓမ္မ၀င်ရောက် သွယ်တန်းရာ မှ နှစ်ကျပ်ခွဲကျေးရွာ မှ ပြည်သူများနှင့် လွှတ်တော် ကိုယ်စားလှယ်၊ ကျောက်ပန်း တောင်းမြို့နယ်ရဲများ လျှပ်စစ်ဝန် ကြီးဌာနမှတာဝန်ရှိသူများမှာ ပဋိ ပက္ခအသွင်ဆောင်သည့်ဖြစ်ရပ် တစ်ခုဖြစ်ပွားခဲ့ကြောင်း MJN ရုံး ခန်းတွင်ကျင်းပသည့်သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။ အဆိုပါသတင်းစာရှင်းလင်း ပွဲတွင် ကိုယ်ထူကိုယ်ထလျှပ်စစ် မီးလင်းအောင်ပြုလုပ်ထားပြီးမှ ယခုအစိုးရ သစ် လက်ထက်တွင် ကျေးရွာများမီးလင်းရေးအတွက် ဆောင်ရွက်ရာ၌ ယခင်က မိမိတို့ အကုန်ကျခံ သွယ် တန်း ထားသည့် လျှပ်စစ်မီးများကို မိမိတို့အား မညှိနှိုင်းပဲ အတင်းအဓမ္မသွယ်တန်း ကြကြောင်း သတင်း စာ ရှင်းလင်း ပွဲသို့ကြွရောက်လာသည်ဆရာ တော်တစ်ပါးကမိန့်ကြားသည်။ “၂၉.၁.၂၀၁၃ ရက်နေ့ နံနက် (၁၀း၄၅) မှာ မန္တလေး တိုင်းဒေသကြီး (စက်မှုနှင့် လျှပ်စစ်) ၀န်ကြီးေ ဒါက် တာမြင့် ကြူနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကြီး၊ တိုင်းလျှပ်စစ်အင်ဂျင်နီယာ ဒေါ်အေးအေးမင်း၊ တိုင်းသာသ နာ ရေးမှူး၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်သာသနာ ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ မြို့နယ်သာသနာရေးမှူးအပါအ၀င် ကျောက်ပန်းတောင်းမြို့နယ်တိုင်း လွှ တ်ေ တ်ာကိုယ်စားလှယ်ဦးတိုင်း အေး (ကြံ့ခိုင်ရေး) တို့နှင့် အတူ ရဲတပ်ဖွဲ့ဝင်အင်အား (၁၀၀) ကျော်၊ လျှပ် စစ်ဝန်ထမ်း (၃၀) ကျော်က အတင်းအဓမ္မ၀င်ရောက်ပြီးတော့ ဘုန်းဘုန်းတို့ကိုယ်ထူကိုယ်ထ လုပ်ေ ဆာင် ထားတဲ့ လျှပ်စစ်မီးတွေကို ၀င်ရောက်လုယူကြပါ တယ်” ဟု ကျောက်ပန်းတော င်းမြို့ နယ်နှစ်ကျ ခွဲေ ကျး ရွာကိုယ်ထူ ကိုယ်ထမီး လင်း ရေးကော်မ တီ စာနယ်ဇင်ရှင်းလင်း ပွဲသို့တက်ရောက် လာ သည် နှစ်ကျပ်ခွဲရွာဘုန်တော်ကြီးကျောင်း မှဆရာတော်တစ်ပါးက မိန့်ကြား ခဲ့သည်။ အဆိုပါလျှပ်စစ်မီလင်းရေး နှင့် ပတ်သက်ပြီး အစိုးရအာဏာ ပိုင်များနှ င့် ဒေသ ခံပြည်သူ တို့ ပြဿ နာဖြ စ်ပွားခဲ့ရခြင်းမှာ အစိုးရဘက်မှ မီးလင်းရေးစီ မံချက် ဖြင့် လုပ်ဆောင်ခြင်းဖြစ်သော်လည်း ကိုယ်ထူ ကိုယ် ထပြုလုပ်ထားသည့် ဓာတ်တိုင်များမှာ အလွယ်တကူး သွယ်တန်းရာတွင် ပြည်သူများ အား ညှိနှိုင်း မှုမပြု လုပ်ပဲ အင်အား သုံးပြီးလုပ်ဆောင်ခြင်းကြောင့် အသေးစားပြဿနာအဆင့်မှ ပဋိပက္ခအသွင် အ ထိပြော င်းလဲ သွားခဲ့ရခြင်းဖြစ်ကြောင်း သိရ သည်။
မြန်မာရွှေမြေ
လာရောက်သူအားလုံးကို ကျောက်ပန်းတောင်း ရွှေမြို့တော်မှ အထူးပင်ကျေးဇူး တင်ပါတယ်..